ပလောက် စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က အမှတ်(၁) ရပ်ကွက်ရှိ စည်ပင်သာယာစျေးကြီး အရှေ့၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင် ဦးဆောင်၍ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့ပြည်သူ့ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမှတ်(၁)ရပ်ကွက်၊ စည်ပင်သာယာစျေးကြီးအရှေ့၌ ဖြတ်သန်းသွားလာနေသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများပေါ့ဆနေခြင်း မရှိစေဘဲ နေအိပ်အပြင်ပသို့ ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်းများမဖြစ်မနေတပ်ဆင် အသုံးပြုနိုင်ရေး၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့် ထိုးနှံခြင်း၊ ထပ်ဆောင်း ထိုးနှံခြင်းနှင့် ဗီဇပြောင်းကိုဗစ်ရောဂါ ပိုးများ၏ အန္တရာယ်မှ ကာကွယ်ရန်၊ ပြည်သူများကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန် စသည်တို့ကို အသိပညာပေးခဲ့ကြပြီး နှာခေါင်း စည်း(Mask)များ အခမဲ့ဝေငှတပ်ဆင် ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
နှင်းမြူလွင်(ပလောက်)