လပွတ္တာမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ

လပွတ္တာ  စက်တင်ဘာ ၁၅

လပွတ္တာခရိုင် လပွတ္တာမြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်​ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအနေဖြင့် လပွတ္တာ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာခွဲများတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အဖျော်ယမကာ ဆိုင်များ၊ လမ်းဘေးဆိုင်များအားလုံး ဆိုင်ထိုင်ဖွင့်လှစ်ရောင်းချ ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိသည်။

၁၅.၉.၂၀ ရက်နေ့မှ ၁.၁၀.၂၀ ရက်နေ့အထိ နံနက်(၆:ဝဝ)နာရီမှ ည(၈:၀၀)နာရီအတွင်း (ပါဆယ်)စနစ်ဖြင့် ရောင်းချသွားရန်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များမှ စစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာ)