ကလိန်အောင် စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကွမ်းရွက်ပင်စိုက်ပျိုးကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုများ အပိုဝင်ငွေများရရှိကာ စီပွားရေးအဆင်ပြေလျက်ရှိပြီး ကလိန်အောင်မြို့ စိုက်ပျိုးတောင်သူထံမှ သိရသည်။
အဆိုပါ "ကွမ်းရွက်ပင်အစ စိုက်ပျိုးချိန်ဆို အပင်ငယ်စဉ်တွင် အပင်ကြီးထွားမှုအတွက် လေဒဏ်၊ နေဒဏ်ခံနိုင်ရန် အကာအကွယ်များ လုပ်ပေးရတယ်၊ ပြီးတော့ ရေကောင်းစွာရရှိသော နေရာများမှာ စိုက်ပျိုးရပြီး အထွက်နှုန်း ကောင်းအောင် သဘာဝမြေဩဇာများ ထည့်ပေးရတယ်၊ ကုန်ကျစရိတ်ကတော့ (၄) သိန်း ဝန်းကျင်လောက် ရှိတယ်၊ နောက်ပြီး ကွမ်းရွက်စိုက်ဘောင်များ၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း အခြားသီးညှပ်သီးပင် များဖြစ်တဲ့ မုန်လာ၊ ငရုတ်နှင့် ချဉ်ပေါင်းပင်များကိုလည်း စိုက်ပျိုးရရှိကာ မိသားစုအပိုဝင်ငွေများရရှိတယ်" ဟု စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
လက်ရှိ ကွမ်းရွက်ပေါက်ဈေးနှုန်းမှာ ကွမ်းရွက် အရွက်တစ်ရာပါတစ်စည်းကို ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ ကျပ်အထိ ဈေးရရှိပြီး ကလိန်အောင်မြို့ဈေးများတွင် ရောင်းချရကြောင်း သိရသည်။ အဆိုပါ ကွမ်းရွက်ပင်များကို ကလိန်အောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မိကျောင်းလှောင်၊ မရမ်းချောင်း၊ ရာဖူး စသည့်ကျေးရွာများတို့စိုက်ပျိုးကြ၍ အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြကြောင်း သိရသည်။
ခင်ခင်လဲ့