မအူပင် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အခြံကျေးရွာအုပ်စု၊ မိချောင်းရုပ် ကျေးရွာတွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေစိုးမိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အခြံကျေးရွာအုပ်စု၊ မိချောင်းရုပ်ကျေးရွာ မင်္ဂလာသီရိ ဘုန်းတော်ကြီးကျောင်း တန်ဆောင်းတော်ကြီးတွင် ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှု မရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေ အရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ယူခွင့် ရရှိရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုဆိုင်ရာများ၊ စိုက်ပျိုးရေး ဆိုင်ရာများ၊ တိရိစ္ဆာန်များ အခမဲ့ဆေးထိုးနှံပေးမှုဆိုင်ရာများ၊ ကျေးရွာ လမ်းဆောင်ရွက်မှုများ၊ မွေးမြူရေးဆိုင်ရာများစသည့် လုပ်ငန်းကိစ္စရပ် အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ အားမေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည် ရှင်းလင်းဖြေကြား ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)ဒုတိယ ဗိုလ်မှူးကြီးနိုင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသိန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများတက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းတို့မှ တက်ရောက်လာသည့် ပြည်သူများအား တစ်ဦးလျင်ဆန်(၁)ပြည်နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့ပြီး မိချောင်းရုပ် အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးထိုးနှံနေမှုများအား ကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)