မအူပင် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၃၁၀)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မအူပင်မြို့နယ်အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု (၈၈) အုပ်စုတွင် မဲရုံပေါင်း(၃၁၀) လျာထားပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲ (၃၁၀)ဦး ခန့်အပ်သွားမည်ဖြစ်ပြီး အထူးရဲများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် လုံခြုံရေးတာဝန်များကို ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁၂)ရက်နေ့မှ နိုဝင်ဘာ(၁၅)ရက်နေ့အထိ ရက်ပေါင်း(၆၄)ရက် ခန့်အပ်တာဝန်ပေးသွားမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ နယ်မြေအလိုက် သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အောင်ခိုင် (မအူပင်)