ကျောက်ကြီးမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်ကြီး   စက်တင်ဘာ   ၁၂

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အဆင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသလုံခြုံရေး၊ မိမိရုံးလုံခြုံရေးဂရုပြုရန်နှင့် ဝန်ထမ်းများ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံစွာ တာဝန်ထမ်းဆောင်ကြရန်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီးမြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာန လုပ်ငန်းဆောင်တာများ၊ လိုအပ်ချက်များ၊ အားသာချက်နှင့်အားနည်းချက်များအား တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်