ဘိုကလေးမြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များမှ စားအုန်းဆီ(၅၀)သားလျှင် (၃,၀၀၀)ကျပ် နှုန်းဖြင့် ဆက်လက် ရောင်းချ

ဘိုကလေး စက်တင်ဘာ ၁၂

နွမ်းပါးပြည်သူများ၏ စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးဦးစီးဌာနတို့ ပူးပေါင်းကြီးကြပ်မှုများဖြင့် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်ကြီးများမှ သတ်မှတ်ရက်များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ်(၆၊ ၇၊ ၈၊ ၉၊ ၁၀) ရပ်ကွက်များ၊ မြို့နှင့်ထိစပ်လျက်ရှိသည့် သာပေါင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာတို့အား သက်သာသော ဈေးနှုန်းများဖြင့် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိရာ ယနေ့ နေ့လယ် (၁)နာရီ၌ အမှတ်(၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင်  ဆီပိဿာချိန်(၁၁၀)အား သွားရောက် ရောင်းချပေးခဲ့သည်။

ရောင်းချရာတွင် စားအုန်းဆီ(၅၀)သားပါရှိသည့် ဆီ(၁)ဘူးလျှင် (၃,၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ရောင်းချနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့မှ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် သတ်မှတ် ရက်များအလိုက် အခြားသော ရပ်ကွက်များထံသို့လည်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)