လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကဝ စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အမှတ်(၆)ရပ်ကွက် ခမေလေး အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး‌ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ယုက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ယနေ့ကမ္ဘာနှင့် အဝှမ်းကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်သည့် လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု ဖြစ်စဉ်များအကြောင်း၊ လူကုန်ကူးမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးရန်စု‌ဆောင်းခြင်း၊ အမျိုးသမီးများ တွေ့ကြုံရသော လူကုန်ကူးမှုအန္တရာယ်များ၊ ဒူဘိုင်းတွင် လူကုန်ကူးခံရသော အမျိုးသမီးငယ်(၇)ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပုံတို့ကို အသိပညာပေး ဟောပြောပြီး ရုပ်/သံ-၃ ဦးစိုးပိုင်က ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ပေးပို့ထားသော “ဆင်ကလေးပအို့ အအေးမိသွားပြီ” စာအုပ်ဖြင့် ပုံပြင်များ ပြောပြခဲ့သည်။

ထို့နောက် လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)