ပန်းတောင်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျီးတောစစ်ဆေးရေးဂိတ်၌ ခရီးသွား ပြည်သူများအား ခရီးသွားထောက်ခံချက်ပါ/မပါစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်ကောက်ယူခြင်း၊ Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများကို ကျီးတောတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး စက်တင်ဘာ (၁၂)ရက်နေ့မှ စတင်၍ ပူးပေါင်း အဖွဲ့ဖြင့် နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်း ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသဖြင့် ခရီးသွားပြည်သူများအား ကျန်းမာရေး နှင့်စောင့်ရှောက်မှုများဝန်ဆောင်မှုပေးနိုင်ရန် ခရီးသွား ထောက်ခံချက်ပါမပါ စစ်ဆေးခြင်း၊ ရာဇဝင် ကောက်ယူရေးသွင်းခြင်း ၊ Mask တပ်ဆင် သွားလာခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask မတပ်သူများအား တပ်ဆင်ရန် အသိပညာပေးခြင်းနှင့် Mask များဖြန့်ဝေပေးခြင်းတို့ကို အရှိန်အဟုန်မပြတ် ပူးပေါင်းအဖွဲ့ဖြင့် နေ့စဥ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)