ဒိုက်ဦး စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီတွင် အ-ထ-က(၁)ကျောင်း အောင်ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် အ-ထ-က(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဥမ္မာက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်က ကျောင်းသား/ သူများအား အကျင့်စာရိတ္တကောင်းမွန်စွာနေထိုင်ကြရန် အသိပညာပေးဟောပြောပြီးနောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့(ဒိုက်ဦးမြို့) ဒုရဲအုပ်ဇော်မင်းထက်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအသိပညာပေးဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဆွေသက်အောင်ကကျောင်းသား/ သူများအား စာဖတ်ကြရန်အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေးဥပဒေပါကုန်ညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များအား အသိပညာပေးရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ ဆရာ/ဆရာမ(၂၄)ဦးနှင့် ကျောင်းသား/သူ (၃၀၀) ဦးခန့်တက်ရောက်ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)