ကန့်ဘလူ စက်တင်ဘာ ၁၂
ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောင်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်ရွှေ ယင်းမာလမ်းဆုံ ဦးကျော်သင်းအိမ်ရှေ့၌ စက်တင်ဘာ ၁၂ ရက်နံနက် ၈ နာရီကစတင်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များက ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အာလူးတို့ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များကို ရောင်းချရာတွင် ဆန်တစ်ပြည်၊ ဆီ တစ်ဆယ်သား၊ ကြက်သွန်နီ အစိတ်သားနှင့် အာလူးအစိတ်သား အမယ်လေးမျိုးကို ငွေကျပ် ၃၅၀၀ ဖြင့်စျေးနှုန်းချိုသာစွာနှင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ ဆက်)