ကျွန်းလှ စက်တင်ဘာ ၁၂
စစ်ကိုင်တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီကြပ်မှုဖြင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၇ နာရီက လူစည်ကားသောနေရာများ၌ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း ဆောရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပူးပေါင်းအဖွဲ့က မြို့တွင်းလမ်းတလျှောက် လူစည်ကားသော ဘူတာရုံရှေ့၊ ကားဂိတ်နှင့် သစ်ရာမြိုင်ဈေးရှေ့ လမ်းသွားလမ်းလာများ၊ ခရီးသွားပြည်သူများ၊ ဈေးသည်၊ ဈေးဝယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း ၁၈၀၀ ဖြန့်ဝေပေးကြပြီး ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက်များ လိုက်နာရေး အသိပညာပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ပြန်/ ဆက်)