သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

သဲကုန်း စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း (Book Club)နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဦးဝင်းတင် ရေးသားသော  "ကိုယ်သာလျှင် ကိုယ့်ဘဝသခင်" စာအုပ်ဖြင့်စာဖတ်ဝိုင်း ကိုယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများနှင့် တတ်ရောက်လာသူများအား မိတ်ဆက်စကားပြောကြားပေးပြီး စာဖတ်ဝိုင်းကို စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့်  လူငယ်များနှင့် ပြည်သူများ အသိအမြင်ဗဟုသုတများ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းရရှိစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  စာရေးဆရာ ဦးဝင်းတင် ရေးသားသော  "ကိုယ်သာလျှင် ကိုယ့်ဘဝသခင်" စာအုပ်ပါ ခေါင်းစဉ်အကြောင်းအရာ (၆၄)ခုမှ  ရေးသားတင်ပြမှု အကြောင်းအရာများမှ ရရှိပေးစွမ်းသည့် အသိပညာ ဗဟုသုတများ၊ လိုက်နာကျင့်သုံးအပ်သည့် အတွေးအမြင်များ၊ စာရေးသူ၏ ရေးသားချက်များက ပေးစွမ်းသည့် စာပေရသများကို စာဖတ်ဝိုင်းတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့၏ အမြင်ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးပြောကြား၍ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ၊ မြို့နယ်စာရေး ဆရာအသင်းမှ ဦးစိုးဇော်လှိုင် (စိုးဇော်လှိုင်-ဆင်မြီးဆွဲ)၊ ဒေါ်မြင့်ကြည်(မြတ်စုဝေ)၊ ဦးထက်ပိုင်မင်း (ကိုပိုင်-သဲကုန်း)၊ ဦးဆန်းမြင့်အောင်နှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးသန်းစိုးတို့မှ ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးမှုအပေါ် အသီးသီးအပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)