ရေကြည် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူး ရောင်းချပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က ဆရာစံ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချခြင်းကို ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက် မှုဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆန်တစ် ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့်၊ ဆန်(၁၀)အိတ်ကို လည်းကောင်း၊ ဆီ (၅၀)သားလျှင် (၃၃၀၀)ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၁၀၀)ကျပ်နှုန်း ဖြင့် ကြက်ဥ(၃၀၀)လုံးကိုလည်းကောင်း၊ ဆားနှင့် ဟင်းသီး၊ ဟင်းရွက်များ မျိုးစုံတို့ကို သက်သာသော စျေးနှုန်းဖြင့် အိမ်ထောင်စုပေါင်း (၂၅၀)အား ဖြန့်ဖြူးရောင်းချပေးရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့အခြေခံစားသောက်ကုန်များ ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီး အကဲများက ဈေးရောင်းဝယ် နေမှုများအား သွားရောက်ကြည့်ရှုအား ပေးကူညီခဲ့ကြပြီး ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နေ ဆင်းရဲနွမ်းပါး အိမ်ထောင်စုများအား အခြေခံစားသောက် ကုန်များကို ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)