တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျုံလမုချောင်းကူးတံတားအား ကြည့်ရှုစစ်ဆေး

ကျောင်းကုန်း စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျောင်းကုန်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်ဆက်သွယ်ထားသော ကျုံလမုချောင်းကူးတံတားသို့ ယနေ့နံနက် နာရီအချိန်ခန့် က ရောက်ရှိပြီး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကျုံလမုချောင်းကူးတံတားသည် ကွန်ကရစ်အောက်ခံ သံဘောင်ယက်မကွန်ကရစ်ကြမ်းခင်း တံတားဖြစ်ပြီး၊ အလျား(၁၂၀)ပေ၊ အကျယ်(၁၄)ပေအား အမျိုးသားသဘာဝဘေးရန်ပုံငွေ (၃၀၈.၂၅)သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျှက်ရှိကြောင်းနှင့် ပြီးစီးမှုရာခိုင်နှုန်းမှာ (၉၀)% ရှိပြီဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)