ကြံခင်းမြို့နယ်တွင်သုတ/ရသစာပေမျိုးစုံ လွယ်ကူစွာဖတ်ရှုနိုင်ရန် Mobile Libraryစနစ်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေး

ကြံခင်း   စက်တင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများစာပေဗဟုသုတရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့နေ့လည်ပိုင်းက Mobile Libraryစနစ်ဖြင့် စာအုပ်များ(အခမဲ့) ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ကွင်းဆင်းငှားရမ်းခဲ့ရာတွင်  မြို့နယ်စီမံကိန်းရုံးနှင့် မြို့နယ်လူမှုဖူလုံရေးရုံးရှိဝန်ထမ်းများအား သုတ/ရသစာပေမျိုးစုံကို(အခမဲ့)သွား ရောက်ငှားရမ်းပေးခဲ့ကြပြီး၊  ပြည်သူ့စာကြည့်တိုက် သို့မလာရောက်နိုင်သူများအား  Mobile Libraryစနစ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်းကို (အပတ်စဉ်) ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း၊ ဖတ်ရှုပြီးစာအုပ်များပြန်လည်သိမ်းခြင်း၊ အသစ်ထပ်မံ ငှားရမ်းဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် စာငှားအသင်းဝင်ကတ်များကိုလည်း (အခမဲ့)ပြုလုပ်ပေးကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)