ဝါးခယ်မမြို့နယ်‌ ရွှေလောင်းကျေးရွာ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲဆောက်ရွက်

ဝါးခယ်မ  စက်တင်ဘာ  ၁၁

ယာဉ်အန္တရာယ်ကင်းရှင်း‌စေရန်အတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး‌ဟောပြောခြင်းကို ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာ၊ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရွှေလောင်းကျေးရွာရှိဒေသခံပြည်သူများကို ယာဉ်အန္တရာယ်ကင်းစေရန် ဆိုင်ကယ်စီးဦးထုပ် စနစ်တကျဆောင်း စီးနင်းစေခြင်း၊ အရည်အသွေးကောင်းမွန်သည့် ဦးထုပ်များဆောင်း စီးနင်းစေခြင်း၊ ယာဉ် လိုင်စင်၊ လူလိုင်စင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ တစ်ပါတည်း ဆောင်ယူခြင်း၊ လူနှစ်ဦးထက်ပို၍ မောင်းနှင်မှုမပြုရခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြား၍ အသိပညာ‌ပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)