ပဲခူးမြို့၊ မြို့မဈေးအတွင်း ဈေးရောင်းချနေသည့် ဈေးသည်မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myancopharm) ထပ်ဆောင်း Booster ထိုးနှံပေး

ပဲခူး စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးအတွင်း ဈေးရောင်းချနေသည့် ဈေးသည်မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myancopharm) ထပ်ဆောင်း Booster ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း ဈေးသူ/ ဈေးသားများ အထူးလိုက်နာဆောင်ရွက်ကြရန်၊ ဈေးအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်သိမ်းစနစ် စနစ်တကျ ကြီးကြပ် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။   

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ နာရီစင်ပန်းခြံသို့ ရောက်ရှိခဲ့ပြီး ပန်းခြံပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက် Landscaping Design ရေးဆွဲတင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ပန်းခြံဝင်းအတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)