ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ဆန်များ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး နေ့စဉ် ရောင်းချပေး

ဖျာပုံ စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဧရာဝတီတိုင်းဒေသကြီး ဒေသကော်မတီ(၅)မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် လူတစ်ဦးလျှင်အချွန်ဆန် (၂)ပြည်နှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် အမှတ် (၃)ရပ်ကွက် ဆန်စက်၊ ဆန်ကုန်သည်များအသင်းတွင် အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် စက်တင်ဘာလ (၁၀)ရက်နေ့ နံနက်(၈)နာရီအချိန်က ရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။
အဆိုပါ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အချွန်ဆန်တစ်ပြည်( ၁၅၀၀)ကျပ်နှုန်းဖြင့် နေ့စဉ်ရောင်းချပေးရာတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးငွေမင်းထိုက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများ​၊မြို့နယ်ဆန်စက်လုပ်ငန်းရှင်များမှ တာဝန်ရှိသူများသည် ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အချွန်ဆန်တစ်ပြည်လျင် (၁၅၀၀)ကျပ်နှုန်းဖြင့်နေ့စဉ် လူတစ်ဦးလျှင် အချွန်ဆန်(၂)ပြည်နှုန်း ဝယ်ယူနိုင်ရေး စီစဉ်ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင်ဆန် (၂၀)အိတ်ရောင်းချပေးလျက်ရှိကြောင်း ၊မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး တာဝန်ရှိသူထံမှ သိရှိရသည်။
အောင်ဝင်းနိုင်