ရေတာရှည် စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက ဆိုင်တမော့လေး ကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်း ပဆောင်ရွက်ခဲ့သည်။
ရှေဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဥက္ကာသန်းက မြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး အတွက် ကျေးရွာများ အထိလာရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြစရာရှိ သူများက ဒေသလို အပ်ချက်များကို ပွင့်လင်းစွာတင်ပြစေနိုင်ရန်၊ ဒေသခံများ၏ စကားသံများနားထောင်ပြီး လိုအပ်သည် များကူညီနိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဒေသခံပြည် သူများ၏ လိုအပ်ချက်များအား ပွင့်လင်းစွာဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများက စိုက်ပျိုးရေရရှိရေး၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံသားမှတ်ပုံတင်၊ ပုံစံ( ၁၀) နယ်ကျော် ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များအား ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ မြို့နယ် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူ များက ပြန်လည်ဖြေရှင်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး ၆ လနှင့် အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ရေတာရှည်(ပြန်/ဆက်)