တမူး စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများအား နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ မြို့မရပ်ကွက်နှင့် စျေးတန်းရပ်ကွက်တို့တွင် အခြေခံ စားသောက်ကုန် များအား ယနေ့နံနက် ၇ နာရီ ၃၀ မိနစ် အချိန်မှစတင်၍ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်အံ့မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်ကျော်မိုးနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များမှ ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စု တစ်စုအတွက် ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ (၂၅)သားလျှင် (၂၅၀၀)ကျပ်၊ ကြက်ဥ ငါးလုံးလျင် (၁၀၀၀)ကျပ်၊ ဆားတစ်ထုပ်လျှင် (၃၀၀)ကျပ်နှင့် ဟင်းသီးဟင်းရွက်များပါ အခြေခံ စားသောက်ကုန် (၆)မျိုးကို (၅၅၀၀)ကျပ်ဖြင့် အိမ်ထောင်စု (၃၁၈)စု တို့အား ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း၊ ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက် ရှိကြကြောင်း သိရသည်။
ရတနာ