နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော အစားအသောက်များစစ်ဆေး

နတ်မောက် စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ်များ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

မြို့မစျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော နိုင်ငံကျော်သရဖူအရောင်တင်မှုန့်၊ Happy Bei Bei သံပုရာရည်၊ Happy ဆေးမကျည်း၊ Power Bull Energy Drink၊ အမှတ်တံဆိပ်မပါရောင်စုံဂျယ်လီ၊ New Choice မက်မန်းသီးစသည့် အစားအသောက်အမှတ် တံဆိပ်များကို အဖွဲ့ပိုင်စျေးများတွင် စျေးကွက်လက်ကျန် မရှိစေရေးအတွက် စျေးတာဝန်ခံနှင့် အဖွဲ့ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြိုးဖြိုး