ကျိုက်လတ် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပါဝင်လှူဒါန်းမှုနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ စုပေါင်း၍ (ဝါတွင်းမြတ်ဒါန) အဖြစ် အရုဏ်ဆွမ်းလောင်းလှူပွဲကို ယနေ့ (တော်သလင်းလပြည့်နေ့) နံနက် (၄)နာရီက အမှတ် (၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ၁၀ ဖြတ်လမ်းထိပ်ရှိ သောကြာ ဆွမ်းလောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ ရဟန်း၊ သာမဏေ နှင့် သီလရှင်စုစုပေါင်း (၇၀၀)ကျော်တို့အား အရုဏ်ဆွမ်းလောင်းလှူနိုင်ရန်အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လှူဒါန်းပေးမှုဖြင့် မြို့နယ်ဝါတွင်းကာလ သောကြာ သံဃာ့ဒါနဆွမ်းလောင်း အသင်း နာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များက အရုဏ်ဆွမ်းတော်များ၊ ဟင်းတော်များအား ချက်ပြုတ်ပေးပြီး အလှူရှင် များနှင့် အတူ စုပေါင်းလောင်းလှူခဲ့ကြသည်။ ယနေ့ တော်သလင်းလပြည့်နေ့ ဆွမ်းလောင်းလှူပွဲတွင် ကျိုက်လတ်မြို့ပေါ်နှင့် အနီးအနား ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၄၆) ကျောင်းမှဆရာတော်၊ သံဃာတော်၊ သီလရှင် အပါး (၇၀၀)ကျော်တို့အား ဆွမ်းလောင်းလှူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရီရီမြင့်