သာပေါင်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့က ကျေးရွာအုပ်စု (၆)စုသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ပေးဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာတို့က ကျေးရွာများသို့ သွားရောက် ဆောင်ရွက် ပေးလျက်ရှိကြသည်။
ထိုသို့ အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများကို ရှမ်းကွင်းကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်း ကျေးရွာအုပ်စု၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ ဒည်ကုန်းကျေးရွာအုပ်စု၊ သင်္ကန်းပင်ဆိပ်ကျေးရွာ အုပ်စုများသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်သွယ်နှင့် ဒုတိယဦးစီးမှူးများနှင့် တာဝန်ပေးဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ အထောက်အကူပြုအဖွဲ့များက ပူးပေါင်းကူညီတိုက်ဆိုင် စိစစ်ခြင်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း ပြန်/ဆက်