ကန်ကြီးထောင့် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ မာလာကုန်းလမ်းဆုံ မြို့အဝင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွတ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ကန်ကြီးထောင့်မြို့အဝင် လမ်းဆုံတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား သတ်မှတ်စည်းကမ်းများနှင့် အညီ မောင်းနှင်စေခြင်း၊ ဆိုင်ကယ်မောင်းနှင်သူများအား အရည်အသွေးပြည့်ဝသည့် ဦးထုပ်များအသုံးပြု၍ မေးသိုင်းကြိုးတပ်ဆင် စီးနင်းစေခြင်း၊ ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များ စစ်ဆေးခြင်း၊ ပြည်သူများအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask (၅၀၀)ခုအား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မဇင် (ပြန်/ဆက်)