ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာမှ နွားကောင်ရေ (၂၄၀) အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများဖျန်းပေး

ငဖဲ စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ဆင်ချည်တိုင်ကျေးရွာကွက်သစ်သို့ သွားရောက်၍ နွားကောင်ရေ (၂၄၀) အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်း ထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုး၊ ဒေါက်တာဆုပိုင်မြင့်ဦးနှင့် ဝန်ထမ်းများဦးဆောင်ပြီး တိရစ္ဆာန်ကျန်းမာရေး အကူလုပ်သားများပူးပေါင်းကာ ဆင်ချည်တိုင်ကျေးရွာ ကွက်သစ်မှ တောင်သူများမွေးမြူထားသော နွားကောင်ရေ (၂၄၀) အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး နွားခြံများအားပိုးမွှား ရောဂါကာကွယ်စေရန် ခြံဖြန်းဆေး ပိုးသတ်ဆေးများဖျန်းပေးခဲ့ကာ ကျွဲ၊ နွား များတွင်ဖြစ်ပေါ်တတ်သော ရောဂါများနှင့်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရညီညွတ်မျှတစွာ ပါဝင်သော အစားအစာကို လုံလောက်စွာကျွေးမွေးရန်နှင့် စနစ်တကျမွေးမြူနည်းများ၊ ကျွဲနွား ကူးစက်ရောဂါ သံသယလက္ခဏာများ တွေ့ရှိပါက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ် အကြောင်းကြားရန် စသည်တို့ကိုတောင်သူများအား အသိပညာ ပေးဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)