ကန်ကြီးထောင့် မြို့အထက(၁)၌ စာသင်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ကန်ကြီးထောင့် စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပညာရေးဌာနနှင့် ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာ ရောက်နိုင်သော အနာဂတ်ကြယ်ပွင့် ကလေးငယ်များ ဘအလင်း ထွန်းတောက်လာစေဖို့ စာသင်ကျောင်း များ အရောက် သွားရောက်၍ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင် များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက်  (Mobile Library) အား ယမန်နေ့ နေ့လယ်အချိန်က  အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းသို့  သုတ ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။  

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင် များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တ တစ်ပတ်လျှင် တစ်ကြိမ်လဲလှယ် စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသပေးကာ ကလေးကဗျာများ၊ ရုပ်ပြ ပုံပြင်များ၊ စာစောင်များ စသည့် ကလေးများ အသိပညာ တိုးပွားရေး စာအုပ်စာပေများကို စုပေါင်းဖတ်ရှုကြစေရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါင်စားစွာ ငှားရမ်းဖတ်ရှုလေ့လာခဲ့ကြောင်းလည်း သိရသည်။

မဇင် (ပြန်/ဆက်)