ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်‌ရေးအတွက် Mask Campaign နှင့် အသိပညာပေးဆောင်ရွက်

ငပုတော စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်က လူစည်ကားရာ စျေးများ၊ လမ်းများတွင် Mask Campaign ပြုလုပ်ပြီး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မစျေး အတွင်းတွင် လက်ဆေးဘေစင်များထားရှိမှု၊ သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားရှိမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ ပညာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအသင်းဝင်များမှ စုပေါင်းပြီး စျေးသူစျေးသားများ၊ စျေးဝယ်လာကြသူများအား Mask များ ဖြန့်‌ဝေ‌ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)