ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယမန်နေ့ ညနေ ၆ နာရီကမြို့ပေါ် ရပ်ကွက်များတွင် ညမထွက်ရ အမိန့်ထုတ် ပြန်ချက်အား လှည့်လည် အသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အမိန့်ကြေညာချက်တွင် ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင် ရေးတို့အတွက် အရေးပေါ် ကိစ္စပေါ်ပေါက်လာပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက် ဖြင့်သာသွားလာရ မည်ဖြစ်ပြီး နေ့စဉ် ည၁၂နာရီမှ နောက်တစ်နေ့ နံနက်၄ နာရီအထိ ညမထွက်ရ အမိန့်အား ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ဒေသခံ ပြည်သူများ အနေဖြင့်သိရှိလိုက်နာရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရ မည်ဖြစ်ကြောင်း သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)