ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ပိုင်ကျုံ   စက်တင်ဘာ  ၉

ကရင်ပြည်နယ်ဘားအံခရိုင်၊  ပိုင်ကျုံမြို့ မြို့မသာသနာပြု ပရဟိတကျောင်း၌ ပိုင်ကျုံနယ်‌ မြေရဲစခန်း၊စိုက်ပျိုးရေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့မှမှဝန်ထမ်းများ စုပေါင်း၍  ဗုဒ္ဓဘာသာတို့၏ ဝါတွင်း(၃)လ အတွင်း ကုသိုလ်တရားများရရှိရေးအတွက်  စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက ဆက်ကပ်ပူဇော်လှူဆောင် ရွက်ခဲ့သည်။

ရှေးဦးစွာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားတွင်တက်ရောက်လာသော ဆရာတော်/ သံဃာတော်များ၊ တရားနာပြည်သူများ‌က နာမောတဿ သုံးကြိမ်ရွတ်ဆိုခဲ့ပြီး ပိုင်ကျုံမြို့၊ မြို့မသာသနာပြု-ပရဟိကျောင်းဆရာတော်က ဝါဆိုသင်္ကန်းကပ်လှူရခြင်း၏ အကျိုး ကျေးဇူးများ၊ ဝါဆိုသင်္ကန်း ကပ်လှူရခြင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားကဟောကြားတော်မှုခဲ့သော တရားများ၊ ဝါတွင်းကာလတွင် ဥပုဒ်သီလ ဆောက်တည်ပြီး တရားဘာဝနာများပွားများ အားထုတ်ခြင်းများကို ဟောကြားတော်မှုခဲ့သည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များက ပုရိတ်တရားများရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အတွက်ရေစက်ချ အမျှဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)