ရှမ်းရွာသစ် စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသော "လောကဇာတ်ခုံပေါ်မှာ "စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် (Book Club) အဖွဲ့ဝင်ဦးစည်သူမျိုးက စာဖတ်ခြင်းမှရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၊ ယခုဆွေးနွေးသည့် စာအုပ်ကိုဖတ်ရှုလေ့လာခြင်းဖြင့် လူငယ်များအတွက် အကောင်းဆုံးသော ဘဝကို တည်ဆောက်နိုင်မည့် အတွေးအမြင်ခံယူချက်စိတ်ထားနှင့် ဗဟုသုတများတိုးပွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် (Book Club) အဖွဲ့ဝင်များက ရေဆန်ကိုလည်းလှော်ရမှာပဲ၊ စိတ်ကူးနဲ့လက်တွေ့၊ လောကဇာတ်ခုံပေါ်မှာ၊ စာဖတ်ပါခေါင်းစဉ်ပါအကြောင်းအရာများကို အကျဉ်းချုပ်အပြန်အ လှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)