လောင်းလုံး မြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask Campaign များဆောင်ရွက်

လောင်းလုံး စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါ တိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်း များဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်စီမံ အုပ်ရေးအဖွဲ့ဥက္ကဋ္ဌကဦးကျော်လွင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းMask Campaign လှုပ်ရှား မှုများဆောင်ရွက်ခဲ့သည်။

ထိုသို့ Mask Campaign များဆောင်ရွက်ရာတွင် လောင်းလုံး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊  ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များနှင့် အမျိုးသမီးရေးရာအဖွဲ့များတို့က မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)