ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ထားဝယ်၊ စက်တင်ဘာ ၁၅

ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီးထား၀ယ်မြို့၊ ဟိန္ဒားကျေးရွာနှင့် မြောင်းပြိုကျေးရွာများ၌ အသိပေးနှိုးဆော် လျက်ရှိသည်

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဇေယျာဝင်းဦးဆောင်၍ ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော စျေးနှင့်လမ်းဆုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်‌/ရှောင်ရန်အချက်များကိုလှည့်လည်၍ အသိပညာပေးနှိုးဆော်ခဲ့သည်

ဆက်လက်၍ ဝန်ထမ်းများက ကျေးရွာအတွင်းနေထိုင်သော ပြည်သူများထံ နှာခေါင်းစည်းများနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် Mask တပ်ဆင်သွားလာကြရန် မကြာခဏလက်ဆေးကြရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ်အကွာအဝေးအတိုင်း နေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်

ကျော်ကျော်လတ်(ပြန်/ဆက်)