ကျုံပျော် စက်တင်ဘာ ၈
ပြည်သူများ၏ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေမှု ရှိစေရန်အတွက် ပတ္တမြား ဆရာတော်နှင့် ပတ္တမြားမိသားစုတို့က စားဝတ်နေရေး ခက်ခဲသည့်အိမ်ထောင်စု (၁၂၀)အား ဆန်နှင့် အခြေခံစားသောက်ကုန် (၉)မျိုးအား လှူဒါန်းခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့၊ ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်း၌ စက်တင်ဘာ ၇ ရက်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဗြဟ္မဝိဟာရကုသိုလ်ဖြစ် ဆေးခန်း အသင်း၀င်များက အလှူရှင်များကိုယ်စား စား၀တ်နေရေးခက်ခဲသည့် အိမ်ထောင်စု (၁၂၀) တို့ထံသို့ တစ်အိမ်ထောင်လျှင် ဆန် (၄) ပြည်၊ ဆီ (၃၀) သား၊ ကြက်သွန်နီ (၅၀)သား၊ ကြက်သွန်ဖြူ (၁၀)သား၊ ကြက်ဥ (၆)လုံး၊ ပဲကတ္တီပါ (၂) ဘူး၊ ခေါက်ဆွဲခြောက် (၂) ထုပ်၊ ငံပြာရည် (၃၀) သားနှင့် အချိုမှုန့် (၁) ထုပ် စသည့် အခြေခံစားသောက်ကုန်(၉)မျိုးတို့အား ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ စားဝတ်နေရေး ခက်ခဲ့သည့် အိမ်ထောင်စုများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန် အတွက် အထောင်မြို့ အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များ၊ ဗြဟ္မဝိဟာရကုသိုလ်ဖြစ် ဆေးခန်း အသင်း၀င်များပူးပေါင်း၍ အထောင်မြို့နှင့် အနီးဝန်းကျင် ကျေးရွာများတွင် ဆန်များလှူဒါန်းခြင်းနှင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းများကိုလည်း လိုက်လံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)