ငပုတော စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်သူနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများမြို့သူမြို့သာများ ဦးဆောင်၍ ငပုတောမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ၊ အုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ သတင်းသုံး ဝါဆို၊ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများကို သံဃိက သံဃာ့ဒါန မြို့လုံးကျွတ် ဆွန်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယနေ့ စက်တင်ဘာလ ၈ ရက်၊ ၁၃၈၄-ခုနှစ်၊ တော်သလင်းလဆန်း (၁၄)ရက်နေ့ နံနက် ၇ နာရီအချိန်မှ စတင်၍ စုပေါင်းလောင်းလှူ ပူဇော်ခဲ့ကြသည်။
ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတော်ကို မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၀) ကျောင်းနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဘုန်းတော်ကြီးကျောင်း (၉)ကျောင်း စုစုပေါင်း ဘုန်းတော်ကြီးကျောင်း (၁၉)ကျောင်းမှ ကျောင်းထိုင် ဆရာတော်များ၊ ရဟန်း သံဃာတော်များနှင့် သီလရှင် ဆရာကြီး ၊ ဆရာလေးများ အပါအဝင်စုစု ပေါင်းအပါး (၁၅၀) ပါးတို့ကို ပင့်ဖိတ်၍ ရွှေမြင်းတင်ဘုရား ရင်ပြင်တော်ပေါ်တွင် စုရပ်ပြုလုပ်ပြီး ငပုတောမြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ယုဇနလမ်း၊ ပိတောက်ရွှေဝါလမ်း၊ မဥ္ဇူလမ်း၊ ယင်းမာလမ်းနှင့် မဂ္ဂင်လမ်းမကြီး တစ်လျှောက်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများက နိဗ္ဗာန်ရည်မှန်း၍ စုပေါင်းလောင်းလှူ ပူဇော်ခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့ အတွက် အလှူရှင်များက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)