ရွှေကျင်မြို့နယ် သံဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လာ‌ရောက်ရှောင်‌နေသူများအား အလှူရှင်များမှ လှူဒါန်းထောက်ပံ့ပေး

ရွှေကျင် စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ သံဆိပ်‌ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အနောက်ဘက်ကျေးရွာအုပ်စုအတွင်း လာ‌ရောက်ရှောင်နေသူများအား ယနေ့နံနက်(၉)နာရီအချိန်က ဆန်များကို အနောက်ဘက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆက်လက်လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သံဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ယာယီတိုက်ပွဲရှောင်ပြည်သူများအနေဖြင့် အနောက်ဘက်ကျေးရွာအုပ်စုအတွင်းရှိ မိမိတို့၏ ဆွေမျိုးများနေအိမ်တွင် သံဆိပ်ကျေးရွာမှ အိမ်ထောင်စု(၃၃)စု၊ လူဦးရေ(၁၁၁)ဦး၊ အင်္ဂနီကျေးရွာမှ  အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၇၉)ဦး၊ သရက်ချောင်းကျေးရွာမှ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦး၊ ပဒဲကောကျေးရွာမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၃)ဦး၊ အထက် မဲဇောင်းကျေးရွာမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၄)ဦး၊ စုစုပေါင်း ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၁၉)ဦး‌ ပြောင်းရွေ့နေထိုင်ခဲ့ကြပြီး အဆိုပါယာယီတိုက်ပွဲရှောင်ပြည်သူများ စာဝတ်နေရေးအဆင်ပြေစေရေးအတွက် အနောက်ဘက်ကျေးရွာအုပ်စု မောင်းရုံကျေးရွာနေ ဦးရေဝိုင်း+ဒေါ်ယဉ်စိုး မိသားစုတို့မှ ယာယီတိုက်ပွဲရှောင်ပြည်သူ(၂၁၉)ဦးအတွက် တစ်ဦးလျှင် ဆန်‌‌လေးဗူးနှုန်းဖြင့် စုစုပေါင်း(၃)သိန်းဖိုးခန့် လာရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)