ရွှေကျင် စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉:၃၀)နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင် က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်အိမွန်ဦးက ယခုအချိန်အခါသည် မိုးရာသီကုန်ခါနီး အချိန်ကာလဖြစ်သည့်အတွက် ပြည်သူများဖြစ်တတ်သည့် ခေါင်းအုံ၊ ခေါင်းကိုက်၊ခေါင်းခဲခြင်း၊ အပူဝင်၊ အပူငုပ်၊ မျက်စိကျိန်း၊ မျက်စိနာ၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးချုပ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ မိတ်ဖုများထွက်ခြင်း စသည့်ရောဂါများဖြစ်ပွားရခြင်း၏အကြောင်းများကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပြည်သူများအနေဖြင့် မိမိတစ်ကိုယ်ရေနှင့် မိသားစုကျန်းမာရေးများကို အထောက်အကူဖြစ်စေရန် အဆိုပါရောဂါများမဖြစ်ပွားစေရေးအတွက် လိုက်နာရမည့်အချက်များ ရှောင်ကျဉ်ရမည့်အချက်များကို အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)