ကျောက်ကြီး စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်၊ မုန်းဒေသအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ အစည်းအဝေးတစ်ရပ်ကို ယနေ့နေ့လယ် (၁)နာရီ ကပြုလုပ်ခဲ့ပြီး ကျောက်ကြီးမြို့နယ် သောင်လယ်ကျေးရွာအုပ်စု၊ သံလျှက် စွန်းကူးတို့ဆိပ်နှင့် တောပုကျေးရွာအုပ်စု ကျောက်ကြီး ဘက်ကျေးရွာ မဲဘလံ တံတား ထိပ်၌ ကိုဗစ်−၁၉ ကာကွယ်တားဆီးရေး စုစုပေါင်း စစ်ဆေးရေးဂိတ် (၂)ခု ထပ်တိုး ဖွင့်လှစ်ခဲ့သည်။
အဆိုပါဂိတ်မှ ကျောက်ကြီးမြို့နယ် အတွင်းသို့အခြားဒေသမှ ဝင်ရောက်လာသော ယာဉ်များတွင် စီးနင်း လိုက်ပါလာသည့်သူများ၏ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ကိုယ်ရေး အချက်အလက် များ မှတ်တမ်းတင်ခြင်းနှင့် ရန်ကုန်မှ ဝင်ရောက်လာသူများအား တာဝန်မှအပ ဝင်ခွင့်မပြုပဲပြန်လွှတ်ခြင်း၊ ကိုဗစ်−၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစီး Mask များတပ်ဆင်သွားလာမှုရှိ/မရှိစစ်ဆေးခြင်း၊ မြို့နယ် အတွင်းတွင် လိုအပ်သည့် ကုန်စည် စီးဆင်းမှုများပြတ်တောက်မှုများမရှိစေရေးအတွက် ကုန်ပစ္စည်းပို့ဆောင်သည့် ယာဉ်များ အား စစ်ဆေးပြီးဝင်ရောက်ခွင့်ပြုခြင်း၊ အခြားဒေသများမှ ကျောက်ကြီးမြို့နယ် အတွင်းသို့ နယ်လှည့်စျေးရောင်းချသည့် မည်သည့်စျေးသည်မဆို ဝင်ရောက်လှည့်လည် ရောင်းချခွင့်မပြုခြင်း၊ တာဝန်မှအပ ခိုင်လုံသည့် အကြောင်းတစ်စုံတစ်ရာမရှိပဲ အခြားဒေသများမှ ကျောက်ကြီးမြို့နယ်အတွင်းသို့ဝင်ရောက်ခြင်းမရှိစေရန်စီစစ် ခြင်း၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ ရာဇဝင်ကျင့်ထုံး ဥပဒေပုဒ်မ၁၄၄- ထုတ်ပြန်ချက်အရ တာဝန်မှအပ မည်သူမျှ ည၁၂နာရီမှနံနက်၄နာရီအတွင်းနေအိမ်ဥပစာမှအပြင်ထွက် ခွါမှုမရှိစေရန် စစ်ဆေးခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း Covid-19 ရောဂါထိန်းချုပ်ရေးနှင့်အရေး ပေါ် တုံ့ပြန်ရေးကော်မတီမှသိရသည်။
K ခိုင် ပြန်/ဆက်