မိုးညို စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်၊ ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာနိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက မြို့အတွင်း လူအသွားအလာများသည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ စည်ပင်သာယာစျေးအတွင်းနှင့် စျေးပတ်ဝန်းကျင်ရှိ လမ်းဆုံများတွင် Mask(၁၀၀၀)ခုအား ဖြန့်ဝေပေးခြင်းနှင့် Mask တပ်ဆင်သွားလာနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)