လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

လေးမျက်နှာ စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချူပ်နိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသော နှုန်းထားများဖြင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်း၌ ပန်းတောကြီးကျေးရွာအုပ်စု ပန်းတောကြီးစျေးတွင် စားသုံးကုန်စည်များ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်ဦးဆောင်၍ အဖွဲ့ဝင်များမှ စျေးရောင်းစျေးဝယ်မှုများအား ကြည့်ရှုအားပေးကူညီခဲ့ပြီး ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆန်တစ်ပြည်လျှင် ကျပ် ၁၅၀၀၊ ကြက်ဥ (၆)လုံးလျှင် ကျပ် ၁၀၀၀ နှင့် ဟင်းရွက်စုံတစ်စီးလျှင် ကျပ် ၁၀၀ နှုန်းစီဖြင့် ဆန်တစ်တင်းခွဲအိတ် (၅)အိတ်၊ ကြက်ဥအလုံး (၅၀၀)နှင့် ဟင်းရွက်စုံများ ရောင်းချပေးခဲ့ရာ ဝယ်ယူသူ အိမ်ထောင်စုများမှလည်း ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါစားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ကျန်ရက်များ၌ မြို့နယ်အတွင်း ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)