အထက်မင်းလှ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကျား၊ မ အခြေပြုအကြမ်းဖက်မှု အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်၂နာရီက လူထုအခြေပြုဗဟိုဌာန Community Centre၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာလှိုင်တို့က ကျား၊ မရေးရာ Gender အကြောင်း၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုအား ခွဲခြားသတ်မှတ်ထားမှုများ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းများ၊ အမျိုးသမီးများ၏ ကျား၊ မ တန်းတူညီမျှမှုအတွက် တွေ့ကြုံခံစားနေရသည့်ပြဿနာအကြောင်းများ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှု၏ အကျိုးဆက်အကြောင်းအရာများ၊ ကျား၊ မ မခွဲခြားဘဲတာဝန်ကို အတူတူထမ်းရွက်ကြရန်လိုအပ်ကြောင်း ကျား၊ မ အခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်သည့်အကြောင်းများ ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်းလှမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို မင်းလှမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တွင်ကြည့်ရှုနိုင်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)