နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အဆင့်တိုးကျောင်းများခွင့်ပြု

နတ်မောက် စက်တင်ဘာ  ၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အဆင့်တိုးကျောင်းပေါင်း (၁၃)ကျောင်းကို ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုသည့် ကျောင်းများမှာ ပန်းညိုကျေးရွာရွာ၊ သရက်ချဉ်ကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ ထန်းပင်ကုန်းကြီးကျေးရွာ  အထက်တန်းကျောင်းခွဲ(၄)ကျောင်းကို အထက်တန်းကျောင်းအဆင့်သို့လည်းကောင်း၊ လျှောင်ချောင်းကြီးကျေးရွာ၊ ဖလန်ပင်ကျေးရွာ၊ ရွာသစ်ရွာ(ကျောက်တန်းအုပ်စု၊ ကံလှကျေးရွာ အလယ်တန်းကျောင်း(၄)ကို အထက်တန်းကျောင်း(ခွဲ)အဆင့်သို့လည်းကောင်း၊ နဘူးကွဲကျေးရွာ၊ လယ်ပြင်ကန်ကျေးရွာ၊ ကျောက်ချောကျေးရွာ အလယ်တန်းကျောင်း(ခွဲ)(၃)ကျောင်းကို အလယ်တန်းကျောင်းအဆင့်သို့လည်းကောင်း၊ သာယာအေး(ဂွေးတောက်ကုန်းအုပ်စု) မူလတန်းကျောင်းကို မူလွန်ကျောင်းအဆင့်သို့လည်းကောင်း၊ သမှုန်းကုန်းကြီး ရွာဟောင်း မူလတန်းကျောင်း(ခွဲ)ကို မူလတန်းကျောင်းအဆင့်သို့ လည်းကောင်းစုစုပေါင်း (၁၃)ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ် ခွင့်ပြုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မူမူစန်း (ပြန်/ဆက်)