ကဝ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း၊ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက သံဒင်းကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ မြို့နယ် လ.ဝ.ကဦးစီးဌာနက ပန်းခင်း(၂)စီမံချက်ဖြင့် အိမ်ထောင်စုဇယားများ ပြုလုပ်ပေးခြင်းနှင့် မှတ်ပုံတင်များ ပြုလုပ်ပေးခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆပ်ပြာဆီပြုလုပ်နည်း လက်တွေ့သရုပ်ပြခြင်း၊ ဆပ်ပြာဆီပြုလုပ်နည်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ တက်ရောက်လာသော ပြည်သူများအား ဆပ်ပြာဆီဗူးများ လက်ဆောင်ပေးအပ်ပြီး၊ စားသုံးဆီ (၁)ပိဿာလျှင် (၆၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြာင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာများနှင့် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)