တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့ဘိုးဘွားရိပ်သာတွင် ဘိုးဘွားများအတွက်ထောက်ပံ့ ပေးအပ်

ထားဝယ် စက်တင်ဘာ   ၈

၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ထားဝယ်မြို့ဘိုးဘွားရိပ်သာအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယမန် နေ့နံနက်ပိုင်းက  ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ ညောင်ရမ်းတောင်ရပ်ရှိ ဘိုးဘွားရိပ်သာခန်းမတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်ပေးအပ်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများl ဌာနဆိုင်ရာတာဝန်ရှိသူများက အဘိုးအဘွားများအား ကန်တော့ချိုးဖြင့်ကန်တော့ကြသည်။

ဆက်လက်၍ ထားဝယ်မြို့ ဘိုးဘွာရိပ်သာသို့ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့ကြေးငွေကျပ် (၅၉၄၀၀၀/-) ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို မှ ဘိုးဘွားရိပ်သာ တာဝန်ခံထံသို့ ပေးအပ်သည်။

ယင်းနောက် ဘိုးဘွားရိပ်သာမှ  အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားအားရုတ်သိမ်းလိုက်ကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ဂါရဝပြုလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)