ဘားအံ စက်တင်ဘာ ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်၊ ဗဟိုစာရင်းအင်းအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းခိုင်က ကလေးလုပ်သားအဓိပ္ပါယ်၊ စာရင်းကောက်ယူရေး လုပ်ငန်း ကော်မတီဖွဲ့စည်းထားမှု အခြေအနေများ၊ ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ပထမအကြိမ်အဖြစ် စီမံကိန်းနယ်မြေ(၅)ခုတွင် ပါဝင်သော ကရင်ပြည်နယ်၏ ကလေးအလုပ် သမားများစစ်တမ်း ထုတ်ပြန်နိုင်မှုအခြေအနေ၊ ကလေးအလုပ် သမားများစစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်များ၊ ကလေးအလုပ်သမားစစ်တမ်းတွင်တွေ့ရှိခဲ့မှု အခြေအနေများ၊ ဒုတိယအကြိမ် စစ်တမ်းကောက်ယူရန် စီစဉ်ထားရှိမှုများ၊ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများကို ကရင်ပြည်နယ်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ အတွင်းရေးမှူး ဒေါ်နန်းမြင့်တင်က ပိုးကရင်ဘာသာဖြင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)