သရက်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

သရက် စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ စားသောက်ဆိုင်များနှင့် ကာရာအိုကေဆိုင်များရှိ ဝန်ထမ်း၊ အလုပ်သမားများအား လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌရဲမှူးစန်းဦး နှင့်အဖွဲ့ဝင်များက သရက်မြို့တွင် ဖွင့်လှစ်ထားသော စွယ်တော်၊ နဝရတ်(၁)၊ ဂျေဂျေ၊ နဝရတ်(၂) ကာရာအိုကေနှင့် စားသောက်ဆိုင်များရှိ ဆိုင်ရှင်၊ ဝန်ထမ်းအလုပ်သမားများအား လူကုန်ကူးမှုနှင့် ပတ်သက်သည့် အန္တရာယ် ဆိုးကျိုးများ၊ ရှောင်ရန်/ဆောင်ရန်များကို အသီးသီး အသိပညာပေး ရှင်းလင်း ဟောပြောကြပြီး ဖွင့်လှစ်ထားရှိသော ကာရာအိုကေနှင့် စားသောက်ဆိုင်များဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)