အုတ်တွင်းစက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊သူများအား ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ အားကစား ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (တပ်နယ်)တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြ နည်း စနစ်မှူး ဒေါ်သီတာဦးက အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများအကြောင်းအား ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများကို အားကစား ပြုလုပ်ခြင်း အလေ့ အကျင့်များရရှိစေရန်အတွက် ဘောလုံး၊ ခြင်းလုံး စသည့်အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)