စလင်းမြို့နယ် မြို့မစျေးကြီးအတွင်း ယာယီပျံကျစျေးသည်များ ရောင်းဝယ်မှု အဆင်ပြေစေရန်ယာယီအဆောက်အဦများ ဆောက်လုပ်ရန်တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

စလင်း စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့စည်ပင်သာယာ မြို့မစျေးကြီးအတွင်း ယာယီပျံကျစျေးသည်များ ရောင်းဝယ်မှုအဆင်ပြေစေရန် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် စည်ပင်သာယာ အမှုဆောင်အရာရှိ စည်ပင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ကော်မတီဝင်များက ယမန်‌နေ့နံနက် ၁၀ နာရီအချိန်က ယာယီအဆောက်အဦများပြုလုပ်ရန် မြေနေရာအကျယ် အဝန်းတိုင်းတာ ခြင်းများ ပြုလုပ်ရန်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့မြို့မစျေးကြီးအတွင်း ယာယီစျေးအဆောက်အဦများပြုလုပ်ရန် ကွင်းဆင်းကြည့်ရှုရာတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် အဖွဲ့ဝင်များ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်မြတ်နှင့် စည်ပင်သာယာကော်မတီ ဥက္ကဌနှင့်ကော်မတီအဖွဲ့ဝင်များက မြို့မစျေးကြီးအတွင်း ယာယီပျံကျစျေးသည်များ စည်းကမ်းတကျရောင်းဝယ်မှုရှိစေရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိပြီး မိသားစုများ စျေးရောင်းချမှုဖြင့် အဆင်ပြေစေရန်အတွက် ယာယီအဆောက်အဦများဆောက်လုပ်မည့် မြေနေရာအကျယ်အဝန်း တိုင်းတာမှုများပြုလုပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များအား ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)