သရက်ချောင်းမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင် ငှက်ပျောပင်စိုက်ပျိုးရာမှ အပိုဝင်ငွေရရှိ

သရက်ချောင်း     စက်တင်ဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကထားစိုက်ပျိုးလျက်ရှိရာ နှစ်တိုပင်ဖြစ်သော ငှက်ပျောပင်များကိုလည်း မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်။

ငှက်ပျောပင်များသည် ရာသီမရွေးအသီးသီးကာ နွေရာသီအချိန်တွင်  အသီးများအနည်းငယ်သေးပြီး မိုးရာသီနှင့် ဆောင်းရာသီတို့တွင်  အသီးများပိုကြီး၍    အထွက်နှုန်းကောင်းသည့်အတွက် ကာလတိုသီးနှံအဖြစ်စိုက်ပျိုးကြပြီး မိသားစုအပိုဝင်ငွေရရှိကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်တွင် ငှက်ပျောပင်အမျိုးမျိုး စိုက်ပျိုးလျက်ရှိပြီး အဆိုပါငှက်ပျောပင်များ စိုက်ပျိုးပြီး (၈) လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး (၁၀)လခန့်တွင်ဌက်ပျောခိုင်အရင့်များ ဆွတ်ခူးကာ မြို့ပေါ်တွင်သာမက သရက်ချောင်းမြို့ရှိငှက်ပျောသီး အဝယ်တိုင်များထံသို့ တင်ပို့ရောင်းချကြသည်။

သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီကာလများတွင် ဘုရားဖူး ခရီးသွားလာမှုများသည့်အတွက် ငှက်ပျောသီးအမျိုးမျိုးရောင်းချရမှ စျေးကောင်းရရှိသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်နှင့် နောက်ပိုင်းတွင်ခရီးသွားလာမှုနည်းပါးခြင်းကြောင့် ငှက်ပျောသီး ရောင်းချရာတွင် စျေးနှုန်းကျဆင်းသွားကြောင်း ငှက်ပျောစိုက်တောင်သူများထံမှသိရသည်။

သားကြီး(သရက်ချောင်း)