ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များအခမဲ့ဖြန့်ဝေ

ပန်းတနော် စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင် မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ လူအသွားအလာများသောနေရာတွင် ယနေ့ နံနက် ၉ နာရီက နှာခေါင်းစည်း (Mask)များအခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် စက်တင်ဘာလ ၅ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်တွေ့ရှိခဲ့ရာ ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက နှာခေါင်းစည်း (Mask)များအခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)